Matlab ကိုဖွင့်လိုက်တာနဲ့ အောက်ကပုံအတိုင်း window လို့ခေါ်တဲ့ သီးခြား အလုပ်လုပ်ကြတဲ့ အခန်းလေးတွေ ပါဝင်ပါတယ်။
![]() |
| Matlab အသွင်အပြင် |
အပေါ်ယံ အသွင်အပြင်အနေနဲ့ အဓိက သတိထားရမယ့် နေရာကတော့ လက်ရှိ ပရိုဂရမ်ရေးသားမယ့် နေရာ ( current directory ) ပါပဲ။ Matlab မှာ ပရိုဂရမ် ရေးသားတော့မယ် ဆိုရင်ဖြင့် folder တစ်ခု ဆောက်ပြီး အဲ့ဒီဖိုင်အတွင်းမှာပဲ အားလုံးရေးသားရပါတယ်။ လမ်းကြောင်းလွဲတာနဲ့ function တွေကို ခေါ်သုံးဖို့ အဆင်မပြေတော့တာကို သတိပြုစေချင်ပါတယ်။
