Matlab ဆိုတာ MATrix LABoratory ဆိုတဲ့ စာလုံးနှစ်ခုပေါင်းပြီး မည့်ခေါ်ထားတာဖြစ်ပါတယ်။
တစ်ခြား Programming Language နဲ့ မတူ တစ်မူထူးခြား တာကတော့ Matlab တစ်ခုလုံးဟာ matrix(array) တွေနဲ့ ဖွဲ့စည်းထားပါတယ်။ Matlab ကို သင်္ချာဆိုင်ရာ တွက်ချက်မှုတွေ(math computing) ၊ အီကွေးရှင်း တွေသုံးပြီး ပုံဖော်သရုပ်ပြခြင်းတွေ (modeling) ၊ data တွေအလုပ်လုပ်ပုံကို ဆန်းစစ်ခြင်းတွေ (data analysis) ၊ graphic တွေအသေးစိတ် ဆန်းစစ်ခြင်း(visualization and graphics)တွေ နဲ့ algorithm တွေ တည်ဆောက်အသုံးချခြင်း များစွာလုပ်ဆောင်နိုင်ပါတယ်။ Matlab ရေးသားအသုံးချခြင်း ဘာသာရပ်ကို တက္ကသိုလ် ကောလိပ်တွေ မှာ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချကြပါတယ်။ အထူးသဖြင့် အင်ဂျင်နီယာ(Engineering) ဘာသာရပ်တွေမှာ အထူးအသုံးချကြပါတယ်။
![]() |
| 3D View of Surface Plot |
Matlab ဟာ probelm solving (ပြသနာဖြေရှင်းခြင်းတွေ) မှာ အလွန်အသုံးဝင်ပါတယ်။ ဖြေရှင်းချင်တဲ့ ပြသနာတွေအလိုက် ရွှေးချယ်ဖြေရှင်းစရာ Toolboxes တွေတစ်ခါထည်းပါ၀င်ပါတယ်။ ဥပမာ (Image Processing Toolbox, Optimization Toolbox, Signal Processing Toolbox, Symbolic Calculations Toolbox, Control System Toolbox and so on)။ သက်ဆိုင်ရာ Toolbox တွေအလိုက် function တွေ တစ်ခါထည်း ပါ၀င်ပါတယ်။ ခေါ်သုံးရုံပါပဲ။ Matlab ဟာ အခြားသော programming language တွေထက်ကို အလွန်ရိုးစင်းပြီး တတ်လွယ် တတ်မြန်ပါတယ်။ အလွန်လည်း အသုံးတည့်လို့နေပါသေးတယ်။
Matlab ဘာသာရပ်နဲ့ ပါတ်သက်လို့ စာအုပ်တွေအများကြီး ပညာရှင်များစွာက ရေးသားထားကြပါတယ်။ တစ်ကယ်တော့ Matlab မှာ ပါဝင်တဲ့ Help ဖိုင်ထဲမှာ ပြည့်ပြည့်စုံစုံပါပီးသားပါ။
အဲ့ဒါတွေလိုက်ဖတ်တာနဲ့တင် တတ်မြောက်နိုင်ပါတယ်။ သို့ပေမယ့် စာအုပ်တွေအတိုင်း လိုက်ဖတ်ရင်တော့ ပိုမြင်သာပြီး အတတ်မြန်ပါတယ်။ အချိန်ကုန်သက်သာစေလိုရင်တော့ စာအုပ်တွေအတိုင်းလိုက်လုပ်တာ ကောင်းပါတယ်။ ဘယ်စာအုပ်ကောင်းလဲဆိုရင်တော့ မပြောတတ်ပါဘူး ( ကိုယ်တွေလဲ Matlab ကို စတင်လေ့လာရင်း ရေးရင်းဆိုတော့ ) အခြေခံစာအုပ်တစ်အုပ်လောက် စကိုင်ပြီး အစအဆုံးလိုက်လုပ်ကြည့်တာ အဆင်အပြေဆုံးပါပဲ။ တစ်အုပ်လောက်ပြီးသွားတာနဲ့ ကိုယ့်လိုအပ်ချက်အလျှောက် အဆင့်မြင့်စာအုပ်တွေကို ရွှေးချယ် နိုင်ပါပြီ။

No comments:
Post a Comment